Search


Content

7 comments

Strobist : Day 1

ငယ်တုန်းက A Bug's Life ဆိုတဲ့ ကာတွန်းကားကြည့်တုန်းက ပုရွတ်ဆိတ်တစ်ကောင်အတွက် ရေပေါက်တစ်ပေါက်ဟာ အင်မတန်ကြီးပါလားလို့ တွေးမိခဲ့တာလေး ဒီနေ့မိုးရွာတော့ ပြူတင်းပေါက်က လမ်းမဘက်လှမ်းငေးရင်းတွေးမိလေတော့ အားသွင်းထားတဲ့ ဘတ်ထရီတွေရှိတုန်း ရေပေါက်ရေစက်တွေ ဓာတ်ပုံရိုက်ရင် ကောင်းမလား စိတ်ကူးပေါ်လာတယ်။ ဒါနဲ့ အင်တာနက်မှာ အလွယ်ဆုံးသူများရိုက်ထားတာတွေ လိုက်လေ့လာရင်း အောက်က သုံးပုံ ရိုက်ဖြစ်သွားတယ်။ ရေပေါက် ရေနဲ့မထိခင်ပုံ ရေထဲပြုတ်ကျသွားပုံနဲ့ နောက်ဆုံး ပြန်ကန်ထွက်ပုံဆိုပြီး သုံးမျိုး ခေါင်းစဉ်ခွဲလိုက်ပါတယ် ရှုစားပါဦး ခင်ဗျ။


ပုံ (၁) ရေပေါက် ရေနဲ့မထိခင်


ပုံ (၂) ရေပေါက် ရေထဲပြုတ်ကျသွားစဉ်


ပုံ (၃) ရေပေါက် ပြုတ်ကျတဲ့အရှိန်နဲ့ပြန်ကန်ထွက်လာသောအခါ


ပြီးခဲ့တဲ့ အပုဒ်တုန်းက ဘယ်လိုရိုက်လဲ မထည့်လိုက်ရလို့ ရှားရှားပါးပါး လာအားပေးတဲ့ ကိုကိုဒီကော်မန့်အရ ဒီတစ်ခေါက်တော့ setup ပုံ ကို အောက်မှာထည့်လိုက်ပါတယ်... အင်မတန်လွယ်ပါတယ် speedlight တစ်လုံး ရှိရုံနဲ့တင် ရိုက်လို့ရပါတယ် စာကြည့်မီးအနီလေးက ဖိုးကပ်လုပ်တုန်းက မှောင်လို့ ထွန်းထားတာပါ ရိုက်တာနဲ့ မဆိုင်ပါဘူး။ မာခရိုမှန်ဘီလူး မဟုတ်တဲ့အတွက် ကျနော်ရိုက်တုန်းက ဖိုးကပ်ဝင်အောင် မတရားချိန်ရသလို ရေပေါက်မိအောင် ရိုက်လိုက်တာ ပုံ ၂၀၀ နီးပါး ရှိမယ်ထင်တယ် စိတ်ကြိုက်ကတော့ ဒီ ၃ ပုံပဲရှိတယ် နောက် ရေနဲ့ရိုက်လေတော့ ကင်မရာအထားအသိုတို့ မီးခလုတ်နဲ့နီးရာဝေးရာတို့ ရေဖိတ်တာ စင်တာ မှောက်တာတွေ သတိထားပါဦး ပြောချင်ပါတယ်။ speedlight ကို ကင်မရာ ဘယ်ဘက် ဒါမှမဟုတ် ညာဘက်ကနေ နောက်ခံ အဖြူကိုတည့်လိုက်ရင် ရပါတယ် ကျနော့် ရိုက်တုန်းက setting က 1/200s iso200 f11 to 16 ပါ။
Read more »

Behind The Web

Photobucket

Something